ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဘွဲ့ ပထမနှစ် စာပေးစာယူသင်တန်း (၁/၂၀၂၂) သင်တန်း သား/ သူများအား ကြိုဆိုပွဲသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဘွဲ့ ပထမနှစ် စာပေးစာယူသင်တန်း (၁/၂၀၂၂) သင်တန်း သား/ သူများအား ကြိုဆိုပွဲသို့ တက်ရောက်အမှာစကားပြောကြား





MNP - ဧပြီ   ၂၂

ခေတ်မီတိုးတက်နေသော ယနေ့ခေတ်တွင် နိုင်ငံ့သားကောင်းများကို မွေးထုတ်လေ့ကျင့်ပေးရေး သည် ဆရာ၊ ဆရာမများ၏ ပင်မတာဝန်အဖြစ် သဘောထားပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် ပညာရေးဘွဲ့ (B.Ed) ပထမနှစ် စာပေးစာယူသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲနှင့် သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၆၃၄)ဦးတို့အား ဆရာ၊ ဆရာမများ အနေဖြင့် လုပ်ငန်းခွင်မှ လာရောက်ကြသည့်အတွက် အတွေ့အကြုံ ရင့်ကျက် သူများဖြစ်၍ သင်တန်းမှ သင်ကြားသော ဘာသာရပ်များကို နက်နက်နဲနဲ လေ့လာသင်ယူကြ ရုံသာမကဘဲ ပညာသင်ကြားရေး အလေ့အကျင့်ကောင်းများကို ပိုမိုပြုစုပျိုးထောင်ပေးခြင်းဖြစ်သည့် အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး သင်တန်းကာလအတွင်း လေ့ကျင့်သင်ယူခြင်းအားဖြင့် အနာဂတ် လူငယ်များကို လမ်းဆင့်ကမ်းသင်ကြားနိုင်ရေးလည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက် တွန်းပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းကာလအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ခရစ်ယာန် မိတ်သဟာယအသင်း (UCF) ဆိုင်းဘုတ်နှင့် အဝင်လမ်းသစ် ခင်းကျင်းဆောင်ရွက်ပြီးစီးမှုအတွက် ကျေးဇူးတော် ချီးမွမ်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး သိက္ခာတော်ရဆရာတော်များ၊ အသင်းဥက္ကဋ္ဌ၊ အသင်းဝင် ကျောင်းသားဟောင်းများနှင့် အတူ ဓမ္မတေးသီချင်းသီဆိုခြင်း၊ ဓမ္မဒေသနာတော်များ ကြားနာခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဝတ်ပြုဆုတောင်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသင်း၏ ဝတ်ပြုဆောင် အဆောက်အအုံ ပြင်ဆင်ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုအပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲအစိုးရမှ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် ပြန်လည်ပို့ဆောင်လာမည့် မြန်မာနိုင်ငံသားများအား ၂၉၈ ဦးတို့အား စိစစ်လက်ခံပြီး မြစ်ကြီးနား မြို့၌ အသွားအလာကန့်သတ်၍ Quarantine ထားရှိနိုင်ရေး ခရိုင်အားကစားနှင့် ကာယပညာဦးစီး ဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ လည်းကောင်း၊ သီတဂူစက္ကုဒါနဆေးရုံ၌ လည်းကောင်း  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှု ခံယူ နေသော လူနာများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးကာ မြစ်ကြီးနားမြို့ ယာဉ်တိုက်မှု ဖြစ်စဉ်တွင် မိဘနှစ်ဦးလုံးဆုံးပါးသွားသော ကလေးငယ်အား ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် ဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှုခံယူနေသော လူနာများအားလုံးအတွက် ထောက်ပံ့ငွေများ နှင့် တာဝန်ကျ ဆရာဝန်၊ သူနာပြုများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)