တာချီလိတ်မြို့၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြားရှိသူများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြားရှိသူများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP - ဧပြီ    ၂၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံ ရသေးသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြားရှိ ကျောင်းပြင်ပ ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် “တစ်ကြိမ်တစ်ခါမှ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးတဲ့  အသက်အရွယ် အပိုင်းအခြားတွေကို ကျွန်တော်တို့ ကာကွယ်ထိုးပေးနိုင်ဖို့ ယခုတစ်ပတ်အတွင်း စာရင်းကောက်ယူမယ်။နောက်တစ်ပတ်ထဲ  မြို့ပေါ်ရပ်ကွက်တွင် စတင်ထိုးနှံနိုင်အောင် စီစဉ် ဆောင်ရွက်ပါ့မယ်”ဟု တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်က ပြောသည်။


တာချီလိတ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျောင်းပြင်ပ ကလေးများ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန်  မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ မှတ်ပုံတင်မိတ္ထူဖြင့် စာရင်းပေးနိုင်ကြောင်းနှင့် ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ Sinovac ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။


တာချီလိတ်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ကိုးသောင်းကျော်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ရှစ်သောင်းခန့်နှင့် လက်ရှိကောက်ယူထားသော စာရင်းများအရ တစ်ကြိမ်မျှ မထိုးရသေးသူ တစ်သောင်းကျော် ကျန်ရှိနေသေးကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)