နတ်တလင်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်



MNP - ဧပြီ   ၃၀

တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက် လာစေရန်၊ ဓာတ်မြေဩဇာ များသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာ ထည့်သွင်း ခြင်းကို တောင်သူများ လေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍  နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွာသာကုန်းကျေးရွာရှိ တောင်သူများက ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် စိုက်ညှိအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူနှင့် ဝန်ထမ်းများ၊ ရွာသာကုန်းကျေးရွာမှ တောင်သူ(၃၀)ဦးတို့က နတ်တလင်းမြို့နယ် ရွာသာကုန်းကျေးရွာရှိ ကွင်းအမှတ်(၂၅၇)၊ တောင်သူ ဦး‌အေးမင်းထွန်း၏ လယ်ယာမြေ၌ ဆောင်းသီနှံရိတ်သိမ်းပြီး မိုးစပါးမစိုက်ပျိုးမှီ မြေဆီလွှာထက်သန်လာစေ ရေးနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းသရုပ်ပြပွဲကို စုစုပေါင်း(၁ဝ)‌ဧက ဆောင်ရွက် ခဲ့သည်။

သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကို တောင်သူများ လေ့လာသိရှိနိုင်ခြင်း၊ ရေထိန်းစွမ်းအား ကောင်းမွန်လာခြင်း၊ မြေဆီလွှာတွင် လေဝင် ထွက်ကောင်းမွန်စေခြင်း၊ ရောဂါ၊ ပိုးမွှားဒဏ် ကာကွယ်ပေးခြင်း၊ ပေါင်းမြက် ပေါက်ရောက်မှု လျော့နည်းသက်သာလာခြင်း၊ သစ်စိမ်းမြေဩဇာကို ထယ်ထိုးမြေမြုပ်ကာ စိုက်ပျိုးထည့်သွင်းခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်၊ ဖော့ဖရပ်၊ ပိုတက်ရှ်နှင့် သစ်ဆွေးဓာတ်များ တိုးပွားလာစေခြင်း၊ ဆွေးမြေ့မှုမြန်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိ စေနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

သတင်း - ဝေယံဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)