ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စဉ်ဆက်မပြက် ကင်းလှည့်လည်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စဉ်ဆက်မပြက် ကင်းလှည့်လည်ခြင်းများ ဆောင်ရွက်



MNP - ဧပြီ   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မတ်လပထမ အပတ်မှ စတင်၍ ညပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကင်းလှည့်လည်စစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂၈၁)မှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မိုင်းယန်းမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးညွှန့်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မိုင်းယန်းမြို့နယ် အတွင်းရှိ အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဉပဒေစိုးမိုးရေးတို့အတွက် ညစဉ် ကင်းလှည့်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။

တရားဉပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းစေရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသားစွာ နေထိုင်နိုင်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ မိုင်းယန်းမြို့နယ်အတွင်း ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် ယခုကဲ့သို့လှည့်ကင်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆက်လက်၍ မြို့နယ် အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းထူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)