စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်




MNP - ဧပြီ    ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်း  ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ   ကသင်္ဂတုံ ကျေးရွာအတွင်းရှိ  လမ်းဆုံနေရာများတွင်    မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊  ကျန်းမာရေးဝန်ထမ်းများ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်  ပရဟိတ အဖွဲ့ဝင်များကHand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည်  မြန်မာနိုင်ငံ အတွင်းကူးစက်ပြန့်ပွားမှုယခုအခါပိုမိုများပြားလာခြင်း၊ကိုဗစ်-၁၉ရောဂါသည်  ရောဂါလက္ခဏာ မပြသူများထံတွင်လည်းရောဂါပိုးကူးစက်ခံရမှုများရှိနေခြင်းကြောင့်   ကိုဗစ်-၁၉ရောဂါ  ကူးစက်မှု မရှိစေရေး  ကြိုတင်ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မိဘပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉  ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး   နေအိမ်အတွင်းသာ နေထိုင်ကြရန်၊မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့်မိမိကလည်း အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီး ကိစ္စ ကြောင့်နေအိမ်ပြင်ပသို့ထွက်ခွာပါကနှာခေါင်းစည်း(Mask)ကို  စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ ခြင်းမပြုလုပ်ကြရန်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်သူများနှင့်  တွေ့ဆုံခြင်း၊  စကားပြောခြင်း၊ 

လေဝင်လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်နှင့်မိမိတို့ နေအိမ်များကို   ပြူတင်းတံခါး များဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကြရန်၊ အသုံးပြုပြီးသောနှာခေါင်းစည်း(Mask) များကို  စနစ်တကျစွန့်ပစ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံစားနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန်  ပြည်သူများအား  လုံးလိုက်နာကြပြီး   ကြက်စိမ့်ကျေးရွာ အတွင်း အသိပေး နှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိအသက်(၁၈)နှစ်အထက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် မိဘပြည်သူများ သက်ဆိုင်ရာဆေးထိုးစုရပ်သို့ ကိုဗစ်ကာကွယ်ဆေးမပျက်မကွက်သွားရောက်ထိုးနှံကြရန်နှင့်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများအားထိရောက်စွာစစ်ဆေးကြပ်မတ် အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါ၍  သက်ဆိုင်ရာ  ဆေးထိုးနှံစုရပ်သို့ မပျက်မကွက်သွားရောက်ထိုးနှံကြရန် Hand Speaker ဖြင့် လှည့်လည်လိုက်လံ  အသိပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)