ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေး



MNP -  ဧပြီ   ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်၂နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက မြန်မာရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည့်အစီအစဉ်များနှင့် ပတ်သက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ပြီးစီးမှု ရန်ပုံငွေရရှိမှု ၊ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဖွင့်ပွဲပိတ်ပွဲများ စတုဒီသာ ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေးတို့နှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဗဟိုမဏ္ဍပ်တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ အခမ်းအနားပြင်ဆင်မှုကိုလည်းကောင်း ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချ ထားရေးများကိုလည်းကောင်း၊ ပြန်ကြားရေးသတင်းထုတ်ပြန်မှုတို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးကြရာ တာဝန်ရှိသူများမှ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သင်္ကြန်ပွဲတော်ကျင်းပမှုကို မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့များနှင့်အညီ အစဉ်အလာမပျက် ထိန်းသိမ်းသွားရန်၊ ပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရန်နှင့် နှစ်သစ်ကူး အခါသမယတွင် ပြည်သူများ စိတ်ရွှင်လန်းစေရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)