ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ ဆက်လက်ဖြေဆို

 


MNP - ဧပြီ   ၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့ မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်၌ စာစစ်ဌာနပေါင်း(၃၅)ခုရှိသည့်အနက် ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၁၂)ခု တွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၄၃၀)ဦး၊ ပျက်ကွက်(၂၅)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၄.၅၁)ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၈၇၀)ဦး၊ ပျက်ကွက်(၂၆၀)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၆၉)ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန (၁၀)ခုတွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၇၃)ဦး၊ ပျက်ကွက် (၁၄)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၂.၅၁)ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၇၆၀)ဦး၊ ပျက်ကွက်(၁၉၀)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၀.၂၆)ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၆၄)ဦး၊ ပျက်ကွက်(၇)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း(၉၅.၉၁)ရာခိုင်နှုန်း၊ ဘောဂဗေဒ ဘာသာရပ်ကို  ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၉၂၂)ဦး၊ ပျက်ကွက်(၉၅)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၀.၆၆)ရာခိုင်နှုန်း၊ အမ်းမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၄၂)ဦး၊ ပျက်ကွက်(၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၆၇) ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၄၇) ဦး၊ ပျက်ကွက် (၂၆၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၄.၄၇) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)