ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ရွှေပြည်သာမြို့နယ်တွင် အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်နှင့်ဂျုံများ ပြည်သူများထံဖြန့်ဝေပေးနေမှုအား ကြည့်ရူစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ရွှေပြည်သာမြို့နယ်တွင် အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်နှင့်ဂျုံများ ပြည်သူများထံဖြန့်ဝေပေးနေမှုအား ကြည့်ရူစစ်ဆေး


MNP ၊ ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်နှင့်ဂျုံများကိုပြည်သူများထံ ယမန်နေ့ နံနက်( ၇ ၃၀) အချိန်တွင် မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်၊ဆန်နှင့်ဂျုံများပြည်သူများထံဖြန့်ဝေပေးနေမှုအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရူစစ်ဆေးပြီးဆန်နှင့် ဂျုံများဖြန်ဝေပေးနေမှုအခြေအနေအား ရွှေပြည်သာမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အနေဖြင့် အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသော 50Kg ပါဆန်အိတ် ၂၂၅၁၄ အိတ် 50Kg ပါဂျုံအိတ် ၄၅၀အိတ်တို့ အားပြည်သူများထံ ဖြန်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နေမျိုးထွန်း(ရွှေပြည်သာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)