ကျုံ‌ပျော်တွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံ‌ပျော်တွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေး တွေ့ဆုံဆွေးနွေး



MNP - ဧပြီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ဦးဆောင်ကာ နွေစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေး တွေ့ဆုံဆွေးနွေးခြင်း ဇရစ်ရိုးကျေးရွာ၌ ယမန်နေ့က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြပြီး၊ ကွင်းအမှတ် (၉၈၇-က)၊ ဇရစ်ရိုးမြောက်ဦးပိုင် အမှတ်(မ/၉၁)ရှိ တောင်သူ ဦး‌မောင်ဦး၏ ဆင်းသုခစပါး စိုက်ခင်း (၂.၇၈)ဧက၌ ပြုလုပ်ရာ တစ်ဧကလျှင် စပါးအခြောက်ထွက်နှုန်း (၉၇.၈၈)တင်းဖြင့် အောင်မြင်စွာ ထွက်ရှိကြောင်း သိရသည်။

ထို့နောက် ဌာနတာဝန်ရှိသူများက ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်း ဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်ရေးကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ နေကြာသည် သီးသန့်စိုက်ပျိုးခြင်းသာမက သီးထပ်၊ သီးညှပ်ပါ စိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျုံပျော်တွင် နေကြာစိုက်ပျိုးရန် (၁၁၁၀၆)ဧက လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - လပြည့်ဦး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)