လားရှိုးမြို့တွင် အများပြည်သူ သုံးစွဲရန်မသင့်သည့် အချိုရည်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများ ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် အများပြည်သူ သုံးစွဲရန်မသင့်သည့် အချိုရည်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများ ဖျက်ဆီး




MNP - ဧပြီ   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၂ခုနှစ် မတ်လအတွင်း ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းနှင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတို့မှဖမ်းဆီးရမိသော အများပြည်သူသုံးစွဲရန် မသင့်သည့် တရုတ်နိုင်ငံထုတ်အချိုရည်မျိုးစုံ၊ တရုတ်နိုင်ငံထုတ် စားသောက်ကုန်မျိုးစုံအား လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးဝင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ သည်။

အဆိုပါဆောင်ရွက်ရာတွင်  ၂၀၂၂ခုနှစ် မတ်လအတွင်း ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းနှင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတို့မှဖမ်းဆီးရမိသော အများပြည်သူသုံးစွဲရန်မသင့် သည့် တရုတ်နိုင်ငံထုတ် အချိုရည်မျိုးစုံအား လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်ဆီးခြင်း၊ တရုတ် နိုင်ငံထုတ် စားသောက်ကုန်မျိုးစုံအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဖောက်သွန်ဖျက်ဆီးခြင်းတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ယနေ့ မီးရှို့ဖျက်ဆီးသော တရားမဝင်ကုန်ပစ္စည်းနှင့် အများပြည်သူသုံးစွဲရန် မသင့်သည် တရုတ်နိုင်ငံထုတ် အချိုရည်နှင့် စားသောက်ကုန်ပစ္စည်းများ စုစုပေါင်းခန့်မှန်းတန်ဖိုး (၇၇၅၃၄၇၀၀) ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းအောင်ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)