ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို







MNP ၊  ဧပြီ  ၅

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁)ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ပေါက်တောမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က-ပေါက်တော၊ အ.ထ.က-မြို့မ၊ အ.ထ.က-သဝင်ချောင်း၊ အ.ထ.က-မြင့်ဂါ၊ အ.ထ.က-လက်ပံပြား၊ အ.ထ.က-ကျောက်တောင်နှင့်  အ.ထ.က-ဆင်တက်မော် စာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ဆရာမများမှ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ပြင်မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၅၈၅)ဦးဖြေဆိုပြီး၊ ပျက်ကွက်သူ(၁၂၁)ဦးရှိရာ၊ ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၂.၉၁)ရာခိုင်နှုန်းဖြင့် အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)