ကျောင်းကုန်းမြို့တွင် သီးနှံနစ်နာကြေးငွေကျပ်သိန်းပေါင်း (၂၂၀၀) ကျော်ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့တွင် သီးနှံနစ်နာကြေးငွေကျပ်သိန်းပေါင်း (၂၂၀၀) ကျော်ပေးအပ်ပွဲ ကျင်းပ


MNP - ဧပြီ    ၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ညောင်တုန်း-သာပေါင်း ၁၀ လက်မ×(၅၅)မိုင် ပိုက်လိုင်းလမ်းကြောင်းပြောင်း ဆက်သွယ်ခြင်းလုပ်ငန်း၌ တောင်သူများ၏ လယ်မြေသီးနှံများ မတော်တဆ ထိခိုက်ပျက်စီးသွားသဖြင့် သီးနှံနစ်နာကြေး ပေးအပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ရန်ကုန်-ပုသိမ်ကားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့် မလွတ်ကင်းသော ညောင်တုန်း-သာပေါင်း ဓာတ်ငွေ့ပိုက်လိုင်းပြောင်းရွှေ့ခြင်းတွင် ကျောင်းကုန်းမြို့နယ်အတွင်းမှ(၁၄)အုပ်စု ထိခိုက်သွားခဲ့ခြင်းအတွက် ယခုလိုနစ်နာကြေးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးမှူး ဦးကျော်နိုင်ဝင်းက မတော်တဆထိခိုက်ပျက်စီးသွားသော လယ်ယာမြေသီးနှံများ၏ တောင်သူ (၃၄၈)ဦးအား နစ်နာကြေး ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပသွယ်ချောင်း-ကံကလေးလမ်းဆုံ ၁၀ လက်မ×(၂၀)မိုင် ပိုက်လိုင်း လမ်းကြောင်းပြောင်း ဆက်သွယ်ခြင်းလုပ်ငန်းတွင် ကျောင်းကုန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၄)အုပ်စုမှ တောင်သူ(၃၄၈)ဦးတို့အား တာဝန်ရှိသူများက သီးနှံနစ်နာကြေးငွေကျပ် သိန်းပေါင်း (၂၂၀၀)ကျော် ပေးအပ်ခဲ့ကြကြောင်း ညောင်တုန်း-သာပေါင်း ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပြောင်း ဆက်သွယ်ခြင်းလုပ်ငန်း စီမံကိန်းမန်နေဂျာ ဦးဆွေဆက်ထံက သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)