ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသူများအား အိမ်တိုင်ရာရောက် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသူများအား အိမ်တိုင်ရာရောက် ဆက်လက်ထိုးနှံပေး



MNP - ဧပြီ    ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား ယနေ့နံနက် ၇ နာရီအချိန် မှစတင်ပြီး အိမ်တိုင်ရာရောက် ဆက်လက် ထိုးနှံပေးလျက်‌ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင်များ စုပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ကွင်းဆင်း ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို ဧပြီလ ၅ ရက်နေ့ မှစတင်ဆောင်ရွက်ခြင်းဖြစ်ပြီး အမှတ်(၁၅)ရပ်ကွက်ရှိ ပြည်သူဦးရေ(၂၁၆၀)ဦးအား အခမဲ့ထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့‌ပေါ်ရပ်ကွက်များ အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် ပြည်သူများကို အိမ်တိုင်ရာရောက် အခမဲ့ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ပခုက္ကူမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေးကြကြောင်း သိရသည်။

သတင်း - ဘာမီသာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)