လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၂ ဒသမ ၇၉ရာခိုင်နှုန်းဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၂ ဒသမ ၇၉ရာခိုင်နှုန်းဖြေဆို



MNP - ဧပြီ    ၅

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ် ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၁၃)ခုတွင် ဖြေဆိုလျှက် ရှိပြီး ယနေ့ဖြေဆိုသည့် ရူပဗေဒဘာသာရပ်တွင် စာရင်းရှိ(၃၁၆၁)ဦး၊ ပျက်ကွက်(၂၂၈)ဦးရှိပြီး ဖြေဆိုသူ(၂၉၃၃)ဦး ရှိပြီး ၉၂ ဒသမ ၇၉ရာခိုင်နှုန်း ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများစသည့်ပူးပေါင်းအဖွဲ့များက နေ့စဉ်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)