လက်ပံတန်းမြို့နယ်တွင် သမဝါယမအသင်းစုလီမီတက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့နယ်တွင် သမဝါယမအသင်းစုလီမီတက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP - ဧပြီ    ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတ်းမြို့နယ် သမဝါယမအသင်းစုလီမီတက်အသင်းစုတွင် China EXIM Bank ချေးငွေနှင့် daedong ကြွေးကျန်များ ပြန်လည်ကောက်ခံပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လက်ပံတန်းမြို့နယ် သမဝါယမလုပ်ငန်းအသင်းစုရုံး၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အတွင်းရေးမှူး ရဲမှူးတင်ဦးတို့က သမဝါယမအသင်းစုချေးငွေများ ပြန်လည်ပေးသွင်းရန် ဆိုင်းငံ့အချိန်ကာလကျော်လွန်ခဲ့ပြီဖြစ်၍ တစ်ပတ်အတွင်း မိမိတို့အသင်းစုချေးငွေများ အကြေအလည် ပြန်လည်ပေးသွင်းနိုင်ရေးဆောင်ရွက်ကြရန် နှင့်အချိန်မီပေးသွင်းနိုင်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမှုများရှိမည်ဖြစ်ကြောင်း၊ ကြွေးကျန်များ အကြေအလည်ပေးသွင်းပြီးမှသာ ချေးငွေများအသစ်ထပ်မံ ထုတ်ချေးနိုင်မည်ဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာ သမဝါယမအသင်းစုပေါင်း (၁၂၄)သင်းရှိပြီး၊ ချေးငွေကြွေးကျန်ကျပ် (၉၅၄၄.၉၈)သိန်းရှိ၍ မြို့နယ်သမဝါယမဦးစီးဌာနမှ အဖွဲ့(၅)ဖွဲ့ဖြင့် နေ့စဉ် ကွင်းဆင်းကောက်ခံ ဆောင်ရွက်လျက်ရှိပြီး ယခု ဧပြီပထမပတ်အတွင်း အကြေအလည်ပေးသွင်းနိုင်ရေး ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမအသင်းစုမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)