လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံ




MNP - ဧပြီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက် (၁၈)နှစ်အထက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များတွင် နေ့စဉ်ထိုးနှံပေး လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစုစုလှိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းကာ ဆေးထိုးစုရပ်များ သတ်မှတ်ပြီး နေ့စဉ်ထိုးနှံပေးလျက်ရှိသည်။ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှလည်း ပူးပေါင်း၍ စာရင်း မှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ လွမ်းခြုံနိုင်မှုပမာဏ ရာနှုန်း ပြည့် ထိုးနှံပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ဆေးထိုးစုရပ်များအရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ဟိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)