ဒါန့်လွန်သီးများ စတင်ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒါန့်လွန်သီးများ စတင်ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ



MNP  - ဧပြီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် မိမိရေမြေနှင့် ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုး ရောင်းချကြသည်ဖြစ်ရာ မိသားစုပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်းသိရှိရသည်။

စားသုံးသူများစွာရှိသည့် အိန္ဒိယဒါန့်သလွန်ပင်များကို တစ်ပိုင်စိုက်ပျိုးထားရှိကြောင်း၊ အပင် အရွယ်အစားသေး ငယ်သော်လည်း   တစ်ပင်လျှင် အသီး(၂၀၀)ကျော်ရရှိကြောင်း၊ ယခု လက်ရှိ ဈေးကွက်အနေဖြင့်   တန်းဝင်ဒါန့်သလွန်သီး(၁)တောင့်လျှင် ငွေကျပ်(၅၀)နှင့် (၁၀၀)ကြား ရောင်းချရကြောင်း၊  မိမိစိုက်ခင်းအတွင်းအပင်(၁၀၀၀)စိုက်ပျိုးထားရှိကြောင်း၊ ကုန်ကျစရိတ် အနေဖြင့်ငွေကျပ်(၃)သိန်းခန့်ရှိကြောင်း၊ လက်ရှိဈေးအတိုင်း ရောင်းချရပါက   ငွေကျပ်သိန်း (၃၀) ခန့်ရရှိရန် ခန့်မှန်းထားကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်  ဒါန့်သလွန်စိုက်ပျိုးရောင်း

ချနေသူ ဦးသဲမောင်ထံမှသိရှိရသည်။

ဒါန့်သလွန်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား(၆)ပေထားရှိပြီး ရေလိုအပ်ချိန်ပေးနိုင်ပါက အသီးပိုမိုကြီးထွားကာ ရောင်းတန်းဝင် အသီးများ များ   ရရှိနိုင်ကြောင်း   စိုက်ပျိုးပြီး (၆)လအကြာတွင် အသီးများခူးယူ ရောင်းချနိုင်ကြောင်းနှင့် ဝယ်လိုအားရှိသည့် သီးနှံဖြစ်ကြောင်း သိရှိရ သည်။

သတင်း - အောင်စိုးဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)