မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမည့် မိဘပြည်သူများ မကျန်ရှိစေရေး ရပ်ကွက်အလိုက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမည့် မိဘပြည်သူများ မကျန်ရှိစေရေး ရပ်ကွက်အလိုက် ထိုးနှံပေး




MNP - ဧပြီ   ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမည့် မိဘပြည်သူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉:၃၀ နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ ပဌာန်း ဓမ္မာရုံ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန်နေရာများ စီစဉ်ထားရှိခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အေးအေးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)