ပေါက်ခေါင်းမြို့နယ်တွင် ဒုတိယအကြိမ်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် ဒုတိယအကြိမ်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး




MNP  ဧပြီ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၂- ၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်ရန်ပုံငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းက စံပြရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

     

အဆိုပါ စီမံကိန်းရန်ပုံငွေထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၆၆)ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၆)ဦးနှင့်အရောင်းအဝယ်လုပ်ကိုင်သူ(၈)တို့ကို မြို့နယ်ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေများအား  စနစ်တကျ ထုတ်ချေးပေးခဲ့ကြသည်။


အဆိုပါကျေးရွာမှ  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၊အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၁၁၀)ဦးအတွက် စုစုပေါင်း စီမံကိန်း ရန်ပုံငွေကျပ် (၂၉၆)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။အဆိုပါမြစိမ်းရောင်စီမံကိန်းရန်ပုံငွေပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်

Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)