မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆို









MNP ၊ ဧပြီ  ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ  ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များ နှင့်အညီကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာ ရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုခဲ့ကြသည်။ 

ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၇၈၀)ဦး ရှိသည့် အ နက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၅၇၂)ဦး နှင့် မ(၁၁၀)ဦး ပေါင်း (၆၈၂) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၉၅) ဦး၊မ  (၃)ဦးပေါင်း (၉၈)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင် နှုန်းမှာ (၈၇ ဒသမ  ၄၄) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၁၂ ဒသမ ၅၆)ဖြစ်ကြောင်း  နှင့် ဘောဂဗေဒ ဘာသာ ရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၆၇၈)ဦး ရှိသည့် အ နက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၂၃၉)ဦး နှင့် မ(၃၃၉)ဦး ပေါင်း (၅၇၈) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၄၀) ဦး၊ မ  (၃၀)ဦးပေါင်း (၇၀)ဦး ဖြေဆို ရန်ပျက် ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၉ ဒသမ  ၂၀) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၁၀ ဒသမ ၈၀) ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ် အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေး များ ထားရှိကာ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။ 


သတင်း - အောင်ကျော်စိန် ၊သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)