သာပေါင်းမြို့နယ် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးစီးမှု စိစစ်ပြီး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးစီးမှု စိစစ်ပြီး ထိုးနှံပေး



MNP -  ဧပြီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှတ်တမ်းစာရွက် စိစစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးမထိုးနှံရသေးပါက ကျန်းမာရေးဌာနက ဆေးခန်းထိုင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စိစစ်ပြီး ထိုးနှံပေးမှု အစီအစဉ်အား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ ကျန်းမာရေးဌာနနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ ထိန်းချုပ်ရေး ကော်မတီအဖွဲ့တို့ ပူးပေါင်းကြီးကြပ်၍ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးစီးမှု မှတ်တမ်းစာရွက်တို့ကို စိစစ်စစ်ဆေးပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ရှင်းလင်းဆွေးနွေးပြီး ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိရာ ယနေ့ မြို့အဝင်ဂိတ် ကိုဗစ်-၁၉ ကာကွယ်ဆေး(၁၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး နေ့စဉ် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တို့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)