တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး ကော့သောင်း အကျဉ်ထောင် အမျိုးသမီးအဆောင်အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး ကော့သောင်း အကျဉ်ထောင် အမျိုးသမီးအဆောင်အား ကြည့်ရှုစစ်ဆေး




MNP - ဧပြီ   ၃၀

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းအကျဉ်းထောင် အမျိုးသမီးအဆောင်သို့ ရောက်ရှိစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူ များအား အကျဉ်းထောင်တာဝန်ခံ ထောင်ပိုင်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လွင်က အကျဉ်းထောင် အစည်းအဝေးခန်းမတွင် ကော့သောင်းအကျဉ်းထောင်ဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်ဝန်ကြီးနှင့် အဖွဲ့သည် ကော့သောင်းအကျဉ်းထောင် အမျိုးသမီးအချုပ်ဆောင်သို့ သွားရောက်ကာ အကျဉ်းသူ အမျိုးသမီးများအား တွေ့ဆုံ ဆုံးမစကားပြောကြား၍  လိုအပ်သည့် ပံ့ပိုးကူညီမှုများကို တာဝန်ရှိအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အကျဉ်းသူ အမျိုးသမီးများအား ထောင်တွင်းသင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းများဖြစ်သည့် အလှပြုပြင်သင်တန်း၊ စက်ချုပ်နှင့် သိုးမွေးထိုး၊ ဇာထိုး၊ ပန်းထိုး သင်တန်း၊ ကနုကမာအသုံးအဆောင်ပစ္စည်း ထုတ်လုပ်မှုသင်တန်းများမှ အကျဉ်းသူများ ထုတ်လုပ်ထားသည့် လက်မှုပညာထုတ်ကုန်ပစ္စည်းများ ကြည့်ရှုအားပေးသည်။

ထို့နောက် ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အကျဉ်းသူများ အသုံးပြုနိုင်ရေး ကျန်းမာရေးအထောက်အကူပြု အားကစားပစ္စည်းများကို ထောက်ပံ့ကူညီပေး အပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကျာ်စိုး  

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)