ပုဏ္ဏားကျွန်းမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းဆင်းပွဲ ကျင်းပ



MNP - ဧပြီ    ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၅)၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းသင်တန်း အမှတ်စဉ် (၇)၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ လျှပ်စစ်ဂဟေသင်တန်း အမှတ်စဉ်(၈) စက်မှုလက်မှု သင်တန်း ဆင်းပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါ စက်မှုသင်တန်းကျောင်း ခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က ရခိုင်ပြည်နယ်ဒေသအတွင်း တိုင်းရင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စက်မှုလက်မှုအတတ်ပညာတွေကို နိုင်ငံတော် အစိုးရမှ (အခမဲ့) သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသားလူငယ်များအနေဖြင့် ကျွမ်းကျင် တတ်မြောက်သည့် ဘာသာရပ်များကို မိမိတို့၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆက်လက် လုပ်ကိုင်ကြစေလိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက တိုင်းရင်းသားလူငယ်များ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်း၊ အဲယားကွန်း၊ ရေခဲသေတ္တာနှင့်လျှပ်စစ် ဂဟေသင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သော သင်တန်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်းကြားရေးမှူး ဦးမောင်မောင်နိုင်နှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးတို့က ဂုဏ်ပြုဆုလက်မှတ် များအား ချီးမြှင့်ပေးကြပြီး၊ ပုဏ္ဏားကျွန်းမြို့ စက်မှုလက်မှု သင်တန်းကျောင်းအုပ်ကြီး ဦးကျော်ဇော နှင့် တာဝန်ရှိသူတို့က သင်တန်းဆင်း အောင်လက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် သင်တန်းသားများ၏ စက်မှုလက်မှု ပညာရပ်တို့အား လေ့ကျင့်သင်ကြားပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က လိုအပ်သည်များကို ဖြည့်စွက်ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ရပ်မိရပ်ဖများ တက်ရောက် အားပေးကြပြီး၊ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်တို့က သင်တန်းသားလူငယ် (၄၅) ဦးတက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တပတ် (၂၂) ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်း - နီထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)