နောင်ချိုမြို့နယ်တွင် ၂၀၂၂ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ၂၀၂၂ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး





MNP - ဧပြီ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့်ဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ၂၀၂၂ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က မြို့ ဦးကျောင်းတိုက်၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။        

ရှေးဦးစွာနမောတဿ(၃)ကြိမ်ရွတ်ဆို၍ ညှိနှိုင်းဆွေးနွေးပွဲကိုစတင်ခဲ့ပြီးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်မှအဖွင့်သြဝါဒ စကားမြွက်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးနှင့် မြို့နယ် သာသနားရေးမှူးတို့မှသာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကြကြောင်း၊ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်များအရ ၂၀၂၂ခုနှစ်ပါဠိပထမပြန် စာမေးပွဲကိုနှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်ရပ်ကွက်မဏိရတနာဗိမာန်၌ ကျင်းပသွားမည် ဖြစ်ကြောင်း၊၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲနှင့်ဓမ္မာစရိယစာအောင် သဃာတော်များ အားစာအောင်စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်း အဆိုပါမဏိရတနာဗိမာန်၌ ကျင်းပသွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)