လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များအတွင်း အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များအတွင်း အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်




MNP ၊ ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ)ကျော်စိုး(ခ)ကျောင်းဆရာ(ဘ)ဦးအောင်အောင် နှင့် ရဲရင့်ထူး(ခ) ရဲကြီး(ဘ) ဦးစန်းထွန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အနီးရှိ ရဲကင်းစခန်းအပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်း ကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ)ဌေးစန္ဒာ(ခ)ဌေးဌေး(ဘ)ဦးဘို သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ကျော်စိုးထက်(ခ)ကျောင်းဆရာမှ ပေးအပ်သည့် လက်လုပ်မိုင်းများအား လက်ခံ သိမ်းဆည်းပေးခြင်းနှင့် အကြမ်းဖက်သင်တန်းတက် ရောက်ရန် ငွေကြေးထောက်ပံ့မှု များကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။


အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ကျော်သီဟထွန်း (ခ)သီဟ(ဘ) ဦးသိန်းထွန်း သည် ၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်နှင့် ၁၅ ရက်တွင် အရိုး၊ ဟန်ဦး၊ ဖိုးသင်္ကြန်၊ နွယ်ထွန်း(ခ)လွယ်ထွန်း၊ ကြံ့ကြီး(ခ)ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင် (ခ)ဘိုထွန်း (ခ)ဂျပန်ကြီး(ခ)ဝင်းနိုင် တို့နှင့်အတူ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသိန်းဦး(ခ)ဦးမြင့်ဌေး နှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား ဒလန်ဟုစွတ်စွဲ၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး တာယာကွင်း များပေါ်တင်၍ ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်မှုကျူးလွန်ရာ၌ အားပေးကူညီမှုပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။


စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)