MNP - ဧပြီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ရော်ဘာမိုးကာအုပ်အစေးခြစ်ခြင်း တောင်သူပညာပေးပွဲကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က ဆင်ထိုးကြီးကျေးရွာ၊ ရော်ဘာခြံပိုင်ရှင် ဦးမင်းကျော်မွန် ကွင်းအမှတ်(၂.O.S.S) (ဆင်ထိုးအနောက်ကြေးတိုင် ပြင်ကွင်း)၊ ဦးပိုင်အမှတ်(၂၃/၂) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုလို ရော်ဘာပင်များ မိုးရာသီတွင် မိုးကာအုပ်အစေးခြစ်ခြင်းအားဖြင့် အစေးခြစ်ရက် ပိုမိုရရှိကာ အစေးထွက်နှုန်းတိုးတက်၍ ရောဘာခြံရှင်များ ဝင်ငွေတိုးစေကာ အစေးခြစ်လုပ်သားများကို အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေပြီး နိုင်ငံ၏ GDP တိုးတက်စေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းမှ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရော်ဘာမိုးကာအုပ်အစေးခြစ်ခြင်း တောင်သူပညာပေးပွဲသို့၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရော်ဘာခြံရှင်များ တက်ရောက်ခဲ့ကြောင်းနှင့် ရော်ဘာမိုးကာအုပ်အစေးခြစ်နည်း ပြုလုပ်ပုံအဆင့် ဆင့်ကို စိုက်ပျိုးရေးဦးစီးဌာနမြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းမှ လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - နှင်းမြူလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment