ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေး




MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက တောင်လားကျေးရွာအုပ်စု မြင်းတိုက်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာနေပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးပွဲပြုလုပ်ပေးခဲ့သည်။ ထို့နောက် လူကုန်ကူးမှုတာစီး ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ် စာစောင်များ ပြသ၍အသိပညာပေးခြင်း စာအုပ်စာစောင်များ သုတ၊ ရသစာအုပ်များ အခမဲ့ဌားရမ်းပေးခဲ့ပြီးဌားရမ်းပေးခဲ့သည့် စာအုပ်များကို နှစ်ပတ်တစ်ကြိမ်အသစ် ပြန်လည်လှဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)