တောင်ငူ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ    ၂၂


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။


ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(MSDP)ပါ ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာ၊ နည်းဗျူဟာ များနှင့်အညီ ရေးဆွဲထားလျက်ရှိပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်အရ ကဏ္ဍကြီးများအလိုက် ထုတ်လုပ်မှုနှုန်းနှင့် ဝန်ဆောင်မှုတန်ဖိုးများကို တိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ပါဝင်မှုတွင် လယ်ယာဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍများကို အဓိကထားကာ


ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေး နှစ်တွင် ရင်းနှီးမြှပ်နှံမှု တန်ဖိုးအရ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် စုစုပေါင်းငွေကျပ် ၁၈၈၆၀ ဒသမ ၆၆၉ သန်းဖြင့် ဆောင်ရွက်ရန် လျာထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လစဉ်ပြီးစီးမှု အခြေအနေများကို  စီမံကိန်းဦးစီးဌာနသို့ ဆက်လက်ပေးပို့ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့မှသာ တောင်ငူခရိုင်၏ ဂျီဒီပီတိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ တောင်ငူခရိုင် စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းမော်က ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်ဝင်းမော်တို့က တောင်ငူခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ခံများထံ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)