ခင်ဦးမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိ




MNP ၊ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၃၁ ရက် နံနက် ၉ နာရီက စတင်ပြီး အခြေခံပညာအထက်တန်းကျောင်း(ခင်ဦး) စာစစ်ဌာနတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခင်ဦးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၁၄) ဦးရှိရာ ဖြေဆိုရာတွင် ကျောင်းသား (၁၀) ဦး၊ ကျောင်းသူ (၉) ဦး စုစုပေါင်း (၁၉) ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စာစစ်ဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုးဝေအောင်(ခင်ဦး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)