MNP - ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ရှေးဦးသူနာပြု စုနည်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမ၌ သင်တန်းစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲ အတွင်းရေးမှူး ဦးအောင်မြင့်သိန်းက ယခုလိုသင်တန်း တက်ရောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား ဆရာဦးအောင့်မြင့်သိန်း က ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်၊ ကြက်ခြေနီအသင်း၏ လုပ်ငန်းတာဝန်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို စာတွေ့နှင့် လက်တွေ့(၃)ရက် ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment