အုတ်တွင်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး (တတိယတန်း) ဦးတေဇာအောင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူ(၂၅)ဦးအား မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်ချိုက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိက သင်တန်းနည်းပြဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း - ခင်ခင်မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)