သင်္ဃန်းကျွန်းမြို့နယ်ရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ၁၀၀% ပြည့်မှီမှုရှိစေရန် စီမံချက်ဖြင့် ကာကွယ် ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်ရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ၁၀၀% ပြည့်မှီမှုရှိစေရန် စီမံချက်ဖြင့် ကာကွယ် ဆေးထိုးနှံ

 


MNP -  ဧပြီ   ၆

 ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ရာနှုန်းပြည့်လွမ်းခြုံမှုရှိစေရန်စီမံချက်ဖြင့် မတ်လ (၁၇) ရက်နေ့မှ စတင်ကာ Mobile စနစ်ဖြင့် ရပ်ကွက်(၃၄) ရပ်ကွက်အလိုက် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်  ဗိုလ်ကံညွန့်ရပ်ကွက်ဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်နှင့် အထက် ကျား(၈၀)ဉီး၊ မ(၉၉)ဉီး စုစုပေါင်း (၁၇၉ )တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(COVID SHIELD)ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်မှ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဗိုလ်ကံညွန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ Mobile စနစ်ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိပြည်သူများ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံခြင်းတွင်ကျန်ခဲ့ခြင်း မရှိရလေအောင်ရပ်ကွက်အလိုက် လမ်းများ အထိ Mobile စနစ် ဖြင့်တနင်္ဂနွေ့နေ့မှအပ ကျန်ရက်များ၌ နံနက် ၉ နာရီမှညနေ ၃ နာရီအထိ ဆေးထိုးအဖွဲ့(၅)ဖွဲ့ခွဲ၍ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)