မြန်အောင်မြို့ ပရဟိတမြို့ ရွှေကျောင်းတိုက်၌ စက်ချုပ်သင်တန်းနှင့်ဂီတ(အတီး) ပညာသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့ ပရဟိတမြို့ ရွှေကျောင်းတိုက်၌ စက်ချုပ်သင်တန်းနှင့်ဂီတ(အတီး) ပညာသင်တန်းဖွင့်ပွဲကျင်းပ



MNP - ဧပြီ     ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်၌ စက်ချုပ်သင်တန်းနှင့်ဂီတ(အတီး) ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့ရွှေကျောင်းတိုက် သြဝါဒစရိယ ကြာနီကန်ကျောင်းတိုက် ဆရာတော်နှင့် ကံလှကျောင်းတိုက်ဆရာတော်တို့မှ သြဝါဒစကား မိန့်ကြားကြပြီး ပရဟိတမြို့ ရွှေကျောင်းတိုက် ဆရာတော်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား သင်တန်းဖွင့်လှစ် သင်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးအေးတို့က ဝမ်းမြောက်စကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ စက်ချုပ်သင်တန်းအတွက် လိုအပ်သော သင်တန်းသုံးပစ္စည်းများကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများအားပေးအပ်ပြီး ပရဟိတမြို့ ရွှေကျောင်းတိုက် ပရဟိတကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှသန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်၌ ဖွင့်လှစ်သော စက်ချုပ်သင်တန်းသို့ ဘုန်းတော်ကြီးသင်ပညာရေး မူလွန်ပရဟိတမြို့ရွှေကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး မူလွန်ရှားတော(တာခွ)နှင့် ဘုန်းတော်ကြီးသင်ပညာရေး သင်္ဂဇာကျောင်းဟောင်းတို့မှ ကျောင်းသူ (၁၇)ဦး တက်ရောက်သင်ကြားပြီး ဂီတ(အတီး)ပညာသင်တန်းသို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ကျောင်းသားများနှင့် ဂီတဝါသနာရှင် (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ ၂၆ ရက်မှ မေလ ၂၇ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဝင်းဗိုလ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)