မူဆယ်နယ်စပ်နန်းတော်ဂိတ်အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်နယ်စပ်နန်းတော်ဂိတ်အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်




MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မူဆယ်နယ်စပ်နန်းတော်ဂိတ်အတွင်းသို့ တရုတ်နိုင်ငံဘက်မှ ရွှေ့ပြောင်းအလုပ်သမားမြန်မာနိုင်ငံသားများက ယမန်နေ့နံနက် ၁၂ နာရီအချိန်က မိမိမွေးရပ်မြေသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်ရာတွင် တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကြောင့် အလုပ်စက်ရုံများနားထားရသဖြင့် စားဝတ်နေရေးကြပ်တည်းမှုများ ဖြစ်ပေါ်လာသဖြင့် မိမိမွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ မြန်မာနိုင်ငံသား ယောင်္ကျာလေး (၈၇)ယောက်၊ မိန်းကလေး (၉၃)ယောက် စုစုပေါင်း (၁၈၀)ယောက် ယနေ့မူဆယ်နန်းတော်ဂိတ်တွင် လက်ခံဝင်ရောက်ခဲ့ကြောင်းသိရသည်။

သတင်း - ချယ်ရီမြေ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)