(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲပေါင်း (၃၃၀)၊ ကျောက်စိမ်အတွဲ (၅၂၃)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၅၄)တွဲ ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲပေါင်း (၃၃၀)၊ ကျောက်စိမ်အတွဲ (၅၂၃)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၅၄)တွဲ ရောင်းချ





နေပြည်တော် ဧပြီ ၂၆

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ်(၁) မှ (၇၀၀)အထိ အတွဲပေါင်း(၇၀၀) အတွက် ရတနာကုန်သည် များက တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း (၅၂၃) တွဲကို ရောင်းချရကြောင်း ကြေညာသည်။

ယခင်ရက်ပြပွဲများတွင် ပုလဲအတွဲအမှတ်(၁) မှ (၃၃၀) အထိ ပုလဲအတွဲပေါင်း ၃၃၀ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း  ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက် အတွဲအမှတ်(၁) မှ (၁၂၀)အထိ အတွဲပေါင်း ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း ပြည်တွင်းပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။

ပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁)မှ (၁၄၀၀)အထိနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် (၁၄၀၁) မှ (၂၀၀၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို  ကြည့်ရှု အားပေးသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက်စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင် စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ အောင်မြင်စွာကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် ၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင်လည်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ပုလဲအတွဲများနှင့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု ဝယ်ယူလျက် ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)