ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေများ ပေးအပ်လျှက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေများ ပေးအပ်လျှက်ရှိ

019

020

021

023

024

025

026

027


MNP ၊  ဧပြီ   ၃

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ် များအား  အာယာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထား ရေးဝန် ကြီး ဌာန ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့် ရှောက်ရေး လုပ်ငန်း စဉ်အရ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ရပ်ကွက် များ ရှိ ရပ်ကွက် အုပ်ချုပ် ရေး မှူးရုံး နှင့် စုရပ်အသီးသီး တွင် ကိုယ်ဝန် ဆောင် မိခင် များ နှင့် (၂) နှစ် အောက် ကလေးငယ်များအား  ယနေ့ နံနက်ပိုင်းကစ၍ စတင်ကာ ထောက် ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ထောက်ပံ့ပေးရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦး ဆောင်၍  ဝန် ထမ်းများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များ ၊ ရပ် ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မောင်တောခရိုင် အတွင်းရှိ  ကိုယ်ဝန် ဆောင် မိခင်များ နှင့်(၂) နှစ် အောက်ကလေးများအား တစ်လလျှင် ငွေကျပ်(၁၅၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ လျက်ရှိရာ မောင်တော မြို့နယ် အ  တွင်းရှိ အကျိုးခံစား ခွင့်ရှိသူ (၈၄၁၄)ဦး အတွက် ငွေကျပ် (၃၆၁၅၄၅၀၀၀) ကျပ် နှင့် ဘူးသီးတောင် မြို့နယ် အတွင်းရှိ အကျိုးခံစား ခွင့်ရှိသူ (၁၃၈၅၃)ဦး အတွက် ငွေကျပ် (၅၉၃၈၃၅၀၀၀) ကျပ်  စုစုပေါင်း ထောက်ပံ့ငွေ (၉၅၅၃၈၀၀၀၀) ကျပ် အား ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ  ယနေ့ နေ့လည်ပိုင်းက  ရွှေဇားကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင်  ခရိုင်လူမှု ဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦး ကျော်သူနိုင် ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီး ကြပ် မှု အဖွဲ့မှ တာဝန်ရှိသူများက ကိုယ်ဝန် ဆောင် မိခင် များအား အစာအဟာရ နှင့် ဦးနှောက် စွမ်း ရည်ဖွံ့ဖြိုး စေရန် အသိပညာ ပေးဟောပြောခဲ့ပြီး  ဟောပြောပွဲသို့ တက်ရောက်လာသူ ကိုယ်ဝန်ဆောင် မိခင်များ နှင့် (၂)နှစ်အောက် ကလေးငယ်များအား  အာဟာရဖွံ့ဖြိုးစေရေး အတွက် အာဟာရဖြည့်စွက်စာများကိုလည်း ပေးအပ်ခဲ့ကြောင်းသိရသည်။ 


 သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages