သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်



MNP - ဧပြီ   ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့မွန်းလွဲပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေးတို့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်က မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သဘာဝဓါတ်‌ငွေ့ပိုက်လိုင်းများ၊ မီးရထားလမ်း၊ အမြန်လမ်းတံတားများ၊ တာဝါတိုင်များအား အကြမ်းဖက်ဖျက်ဆီးခံရမှုမရှိ‌‌စေရေး လုံခြုံရေးဆောင်ရွက်ရမည့်အစီအမံများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မှ ထုတ်‌ချေးပေးထားသည့် ချေးငွေများအား တောင်သူများ အမြန်ပြန်လည်ပေးဆပ် စေရန် တွန်းအားပေးဆောင်ရွက်ရေးနှင့် အခွန် ၄ မျိုးတို့အား သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်းအောင် ဆောင်ရွက်ကြရေး၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးရန်ကိစ္စရပ်များ၊ မြင်းကောင်ရေ (၂၅)ကောင်အောက် စက်တပ်ရေယာဉ်များ မှတ်ပုံတင်လိုင်စင်လျှောက်‌ထားရေးကိစ္စရပ်များ၊ ဒေသတွင်းစားသုံးဆီ ဖူလုံမှုရာခိုင်နှုန်း တိုးတက်စေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာစိုက်ဧကများ မြင့်မားလာ‌အောင် တောင်သူများအား တွန်းအားပေးကူညီဆောင်ရွက်နိုင်ရေးစသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူတို့က ရပ်ကွက်နှင့်ကျေးရွာအလိုက် ဆောင်ရွက်နေသည့် အခြေအနေများ၊ အခက်အခဲများတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သထုံမြိုနယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၄)စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)