အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး



MNP - ဧပြီလ   ၃၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက် (၈:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချ ပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ဆိတ်သားသားတစ်ပိဿာ  ၂၀၀၀ဝ ကျပ်၊ ၊အရိုးအသားတစ်ပိဿာ(၁၂၀၀ဝကျပ် ကလီစာတစ်ပိဿာ(၉၀၀ဝိ) ၊အမဲတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားလှိုင်းသား/ အသားရှယ် တစ်ပိဿာ  ၁၂၀၀၀ ကျပ်၊ နံရိုးတစ်ပိဿာ ၉၀၀ဝကျပ်ဖြင့်   ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင် ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ဈေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်၊၊

သတင်း - တင်တင်ချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)