တပ်တောင်မြို့ စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရ သေးသည့် ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်တောင်မြို့ စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရ သေးသည့် ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ



MNP - ဧပြီ    ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ဈေးရောင်းသူ များ၊ ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်ကို ယနေ့နံနက်  (၆) နာရီအချိန်ကစတင်ပြီး တပ်တောင်မြို့ စည်ပင်သာယာဈေးအတွင်း၌ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး၊ မြို့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံ သည့်သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးကာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စိုးမင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)