ရေတာရှည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 




MNP - ဧပြီ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများအား စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ဌာနများအနေဖြင့် ဂရုပြုဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် နော်လင်းခိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီမှစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်သန်းမြင့်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နော်လင်းခိုင်တို့က ဌာနဆိုင်ရာအကြီးအကဲများအား စီမံကိန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)