သီပေါမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်ကာ လူနေအိမ်များ အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်ကာ လူနေအိမ်များ အမိုးလန်ပျက်စီး




MNP -  ဧပြီ   ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နားမခေါ်ကျေးရွာနှင့် ပန်မိတ်ကျေးရွာတို့တွင် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ အဆိုပါကျေးရွာများရှိ စာသင်ကျောင်းအဆောက်အဦနှင့် လူနေအိမ်အချို့၏ ခေါင်မိုးများအမိုးလန်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ် ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၏ ကျောင်းဆောင်နှင့်လူနေအိမ်(၂၈)အိမ် အမိုးလန် ပျက်စီးသွားခဲ့ကြောင်း၊ အလားတူ ပန်မိတ်ကျေးရွာအုပ်စု၊ ပန်မိတ်ကျေးရွာတွင်လူနေအိမ်(၅)အိမ်တို့ အမိုးလန်ပျက်စီးသွားခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များထိခိုက်ပျက်စီးမှုမရှိပါကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၄၃.၄)သိန်းရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှုများအတွက် ပြုပြင်ဆောင်ရွက်နိုင်ရေးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)