MNP - ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်နှင့်ဂျုံများကို ပြည်သူများထံ ယမန်နေ့ နံနက် (၇:၃၀) အချိန်တွင် မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ဆန်နှင့်ဂျုံများ ပြည်သူများထံ ဖြန့်ဝေပေးနေမှုအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးပြီးဆန်နှင့် ဂျုံများဖြန့်ဝေပေးနေမှု အခြေအနေအား ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အနေဖြင့် အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသော 50Kg ပါ ဆန်အိတ် ၂၂၅၁၄ အိတ် 50Kg ပါ ဂျုံအိတ် ၄၅၀ အိတ်တို့အား ပြည်သူများထံ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နေမျိုးထွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment