MNP - ဧပြီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
အဆိုပါပန်းချီသင်တန်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားရာ၌ ပင်ကိုယ်ဝါသနာကို အထောက်အပံ့ရရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကို လျော့ကျစေရန်၊ ကိုယ်တိုင်ဖန်တီးနိုင်မှုစွမ်းအားများ တိုးတက်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်စေရန်နှင့် မြန်မာ့ပန်းချီကို မြတ်နိုးတန်းဖိုးထားတတ်စေရန် ရည်ရွယ်၍ သင်တန်းဆရာမ ဒေါ်နှင်းလဲ့စိုးမှ မျဉ်းဖြေင့်ရေးဆွဲနည်း၊ မျဉ်းကွေးရေးဆွဲနည်း၊ အလင်းအမှောင် (Tone) အနုအရင့် ခွဲခြားနည်း များကို စာတွေ့၊လက်တွေ့ ရေးဆွဲနည်းများကို သင်ကြားပို့ချရာ သင်တန်းသား သင်တန်းသူများက စိတ်ပါဝင်စားစွာ သင်ယူလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းကို ၆-၄-၂၀၂၂ ရက်နေ့မှ ၈-၄-၂၀၂၂ ရက်နေ့အထိ သင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးထံမှ သိရသည်။
သတင်း - မျိုးသီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment