အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ကွင်းဆင်းထိုးနှံပေး



MNP - ဧပြီ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာများအရောက် ကွင်းဆင်းဟောပြောပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ အဖွဲ့(၁၀)ဖွဲ့ခွဲ၍ (၁)ဖွဲ့လျှင် (၂)ရွာ နှုန်းဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးကြရန် အသိပညာပေး ဟောပြောခဲ့ကြပြီး CoviShield ကာကွယ်ဆေး စုစုပေါင်း ဦးရေ (၅၀၀)ကျော်အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကျေးရွာအုပ်စု (၉၇)အုပ်စု၊ ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၅၀၅)ရွာမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၄၃၄၀၆)ဦးနှင့် ရာခိုင်နှုန်းအားဖြင့် ၉၀.၀၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)