စမ်းချောင်းမြို့နယ်တွင် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားပြည်သူများ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံခြင်းနှင့် အသက် ၁၈ နှစ် အထက် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားပြည်သူများ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံခြင်းနှင့် အသက် ၁၈ နှစ် အထက် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး



MNP - ဧပြီ   ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက် ၊ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင်  ယနေ့ နံနက် ၉ နာရီ အချိန်က အသက်(၁၅)မှ(၁၈)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူ (၁၀) ဦးအား Sinovas ထိုးနှံပေးခြင်းနှင့် အသက် (၁၈) အထက် ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား  ပထမအကြိမ် (Astra Zeneca) ထိုးနှံသူ (၂၀) ဦး၊ ဒုတိယအကြိမ်(covishield)   ထိုးနှံသူ (၁၁) ဦးနှင့် တတိယအကြိမ် Astra Zeneca ထိုးနှံသူ (၁၉၀) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ (၂၃၁) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာ တစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူ များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရပါသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)