(၉) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သံတွဲမြို့၌ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၉) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သံတွဲမြို့၌ကျင်းပမည်


MNP ၊ ဧပြီ ၃၀

(၉) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သံတွဲမြို့ ၌ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့ (ကဆုန်လပြည့်ကျော်-၁-ရက်နေ့) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မေလ ၁၄ ရက် နှင့် ၁၅ ရက် နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ   အထက် တန်းအဆင့်၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ၊(၁၈)နှစ်အောက် ဖူဆယ်ဘော်လုံးပြိုင်ပွဲ ၊ ရခိုင်ရိုးရာ အစားအသောက်များရောင်းချပွဲ၊ ရခိုင်ဒေသထွက် ပစ္စည်းများကိုရောင်းချခြင်း၊ ရခိုင်စာအုပ် စာပေများအား ရောင်းချခြင်းများအပြင် ရခိုင်စာပေပညာရှင်များ ၊ ရခိုင်စီးပွားရေးသမားများကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ခေါင်းစဉ်ဖြင့်   လူမှုစီးပွားရေး ၊ ရခိုင်စာပေယဉ်ကျေးမှု အကြောင်း အရာများကို ဟောပြောမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ(သံတွဲ)မှအတွင်းရေးမှူးကို သားကြီးမောင်မှ ပြောကြားသည်။ 

လူမျိုးတိုင်း လူမျိုးတိုင်း မှာ အမျိုးသားနေ့ ကို အလေးထားပြီးကျင်းပကြတယ် ကျွန်တော်တို့မှာက (၂၀၁၄)ခုနှစ် က ပဲစတင်ကျင်းပရတယ် ကျင်းပတဲ့အခါမှာလဲ အကြောင်းအမျိုးမျိုးကြောင့် လူကြီး လူကောင်းတွေပါဝင်ဖို့ တွန့်ဆုတ် ကြတယ် အခုတော့ ယခင်ကထက် လူတွေ ပိုမို စိတ်ဝင်စားလာကြပါပြီ ယခုထက်ပိုပြီး အလုပ်တွေလုပ်ဖို့ လိုပါသေး တယ် ဟုပြောကြားခဲ့ပါသည်။

ကဆုန်လပြည့်ကျော်(၁)ရက်နေ့အား ရခိုင်အမျိုးသား နေ့အဖြစ် သတ်မှတ်ရခြင်းအကြောင်းရင်းမှာ မဟာသက္ကရာဇ် ၁၂၃ ခု BC (၅၅၄) ခုနှစ်၌ စန္ဒသူရိယမင်းကြီးက မြတ်ဗုဒ္ဓ ရခိုင်ပြည်နယ်မှ မဇ္ဈိမဒေသ အိန္ဒိယသို့ ပြန်မကြွမီ ဗုဒ္ဓကိုယ်စားတော် တစ်ဆူတည်ထားကိုးကွယ်ဖို့ မြတ်ဗုဒ္ဓအား လျှောက်ထားခဲ့ရာ ခွင့်ပြုပေး တော်မူခဲ့သဖြင့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓကိုယ်စားတော် မဟာမြတ်မုနိ ဆင်းတုတော်မြတ်ကို သွန်းလုပ်ခဲ့ကြပြီး နောက်တစ်နေ့ ကဆုန်လပြည့်ကျော်(၁) ရက်နေ့တွင် ပြီးစီးခဲ့လေသည်။ ရခိုင်တို့ အဖို့ မင်္ဂလာရက်မြတ် အခါသမယဖြစ်၍ စန္ဒသူရိယမင်းကြီးနှင့်တကွ ရခိုင် ပြည်သူပြည်သားများ ဝမ်းသာပီတိဖြစ်ခဲ့ကြရသည်။ သို့ဖြစ်၍ ထိုနေ့ရက်အား ရခိုင် အမျိုးသားနေ့အဖြစ် သတ်မှတ်ကြဖို့ ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)၌ တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီးမှ တစ်ခဲနက် ထောက်ခံမဲပေးခဲ့ကြသည့်အတွက် အဆိုပါနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။

သံတွဲမြို့တွင် ရခိုင်အမျိုးသားနေ့ကျင်းပသည့်ရည်ရွယ်ချက်ကတော့ လက်ရှိအခြေအနေများအရ မိမိတို့အချင်းချင်းစည်းလုံးညီညွှတ်မှုကို ယခင်ကထက်ပိုမိုခိုင်မြဲအောင် တိုးတက်အောင် ပြုလုပ်လိုသည့် အတွက်ဖြစ်ကြောင်း ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ(သံတွဲ)မှ အတွင်းရေးမှူး ကိုသားကြီးမောင်မှ ပြောကြားသည်။ 

သတင်း - စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)