တောင်ငူ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်


MNP - ဧပြီ   ၂၁

တောင်ငူ၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်ကာ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဘိုကတော် ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာ အသီးသီးတို့တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆွေးနွေးပွဲပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်က တောင်သူအကျိုးပြု ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများအနေဖြင့် လိုအပ်သည်များ တင်ပြစေကာ သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်မည့်လုပ်ငန်းများကို ကျေးရွာအရောက်ကွင်းဆင်းကာ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တင်ပြဆွေးနွေးရန် ပြောကြားပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက  အသီးသီး မိတ်ဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်ကြသည့် ဘိုကတော်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် အခက်အခဲများအား တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျေးရွာ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သတင်း - ဇော်ထက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)