နမ့်စန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ ငွေများပေးအပ်




MNP - ဧပြီ   ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် လွိုင်လင်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရည်ဝင်းတို့က မက်မွန်မုန်း ကျေးရွာ အုပ်စုနှင့် လွိုင်လင် ကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာမှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၁၉ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ  စုစုပေါင်း ၁၇၀၇၀၀၀ ကျပ်အား ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

သတင်း - သူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)