စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြား





MNP ၊ ဧပြီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်း၍‌ ရှေးဦးသူနာပြုစုနည်း အ‌ခြေခံ သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ရာ သင်တန်းဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းမှညနေပိုင်းအထိ စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆက်လက်သင်ကြား လျက်ရှိကြောင်း သိရသည်။ 

ထိုသို့သင်ကြားရာတွင် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲ သင်တန်းနည်းပြဆရာများက ရှေးဦးသူနာပြုစုခြင်းဘာသာရပ်ပါ လူနာဆန်းစစ်ခြင်း၊ (CPR)အသက်ရှုအားကူနည်း၊ ပတ်တီးစည်းနည်း၊ ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်၊ ဆို့နင့်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်း တုတ်ခြင်း၊ အပူလောင်ခြင်းနှင့် အပူရည်လောင်ခြင်း၊ ဒဏ်ရာဆေးထည့်နည်း၊ အရိုးကျိုးလူနာအား ကြပ်စည်းနည်း၊ ကျောရိုးတန်းမကြီး ဒဏ်ရာရ လူနာအားပြုစုနည်း၊ မီးလောင်ဒဏ်ရာရလူနာအား လူနာတင်/ချ ပြုလုပ်ခြင်းနည်းတို့အား စာတွေ့၊ လက်တွေ့နှစ်မျိုးစလုံးဖြင့် ကျွမ်းကျင်စွာ တတ်မြောက်စေရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ ဧပြီ ၂၂ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)