ရမည်းသင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

 


MNP - ဧပြီ    ၆

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၄ နာရီကျော်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်ကြီးကြပ်သော မြို့နယ် မီးသတ်ဦးစီးမှူး ဦးသူရလင်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသည်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၁၃ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ ရမည်းသင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာနေသူ ဦးအောင်ငွေ၏  နေအိမ်မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း မီးဖိုဆောင်(၁)လုံးတို့မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)